တိမ်တစ်အုပ်ရဲ့ေရှ့မှာ ကျမ ရပ်လိုက်တယ်
တိမ်ေတွဟာ ကျမ ကိုယ်ခန္ဓာကို တိုးတိုက်ြဖတ်သန်းြပီး
သူတို့ လုိရာခရီးကို မထစ်မေင့ါ ဆက်လက်ေရွ့ေမျာသွားြကတယ်
ေြကာင်ကေလး တစ်ေကာင်ရဲ့ေရှ့မှာ ကျမရပ်လိုက်တယ်
ေြကာင်ကေလးက ကျမ ေြခဖမိုးေတွကို ပွတ်သီးပွတ်သပ်လုပ်ရင်း
‘ေညာင်’လို့ တိုးတိုးေလး ညည်းကာ သူ့ကိုမချီပိုးမချင်း ချွဲနွဲ့ေနတယ်
စာအုပ်စင်တစ်စင်ရဲ့ ေရှ့မှာ ကျမရပ်လိုက်တယ်
စာအုပ်ေတွထဲက စကားလံုးေတွ စာပုိဒ်ေတွ အနက်အဓိပ္ပါယ်ေတွဟာ
ခုန်ထွက်လာြကြပီး ကျမ ကို ေဒါသတြကီး ရန်ေတွ့ေနြကတယ်
မင်း ဘာလို့ ငါတို့ကို မဖတ်ေတာ့တာလဲတဲ့
ပန်းချီကား တစ်ချပ်ရဲ့ ေရှ့မှာ ကျမရပ်လိုက်တယ်
အေရာင်ေတွဟာ ေရာင်ြခည်ေတွအြဖစ်ေြပာင်းလည်းသွားြကတယ်
မျဉ်းေတွဟာ ြကိုးေတွ အြဖစ်ေြပာင်းလည်းသွားြကတယ်
ကျမ မူးေမ့ လဲကျသွားခဲ့တယ်
သစ်ပင်တစ်ပင်ရဲ့ေရှ့မှာ ကျမရပ်လိုက်တယ်
“သစ်ပင်တစ်ပင် ၀င်လာြပီး ဦးညွှတ်ကာ ေြပာတယ် ‘ငါဟာ သစ်ပင်တစ်ပင်ပါ’ “
ဆိုတဲ့ ဟိုးလဗ် ရဲ့ကဗျာတစ်စကို ကျမ သတိရသွားတယ်
ကျမ သစ်ပင်ကို ဦးညွှတ်လိုက်တယ်။
အရှိန်နဲ့ ေြပး၀င်လာတဲ့ ရထားတစ်စင်းေရှ့မှာ ကျမ ရပ်လိုက်တယ်။ ။
ခင်ေအာင်ေအး
၁၆၊ ဩဂုတ်၊ ၂၀၁၁ ေချလ်တန်ဂရို့ဗ်၊ လန်ဒန် ၈း၄၅ နာရီ
ြကာသာပေတးေန့၊ နိုဝင်ဘာလ ၂၄၊ ၂၀၁၁
Subscribe to:
Post Comments (Atom)
No comments:
Post a Comment